Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********
Log in

I forgot my password

Latest topics
Country Codes

Timer

Total
  • >

/>

Test

မင်းမသိတဲ့……..အချစ်တွေ – အရိပ်ကလေး

View previous topic View next topic Go down

20120615

Post 

default မင်းမသိတဲ့……..အချစ်တွေ – အရိပ်ကလေး




လမ်းဟောင်းလေးထဲ ရောက်တိုင်း

တစ်ခေါက်မကတဲ့

ငါတို့ရဲ့အတိတ်တွေ…

အရိပ်လိုပဲ ထင်ကျန်နေဆဲပါ၊

ဒါကို… မင်းမှမသိပဲကွာ………….။



ချစ်သူ……….

မင်းကထားရက်ခဲ့လို့ ထားသွားခဲ့ပေမယ့်

ချစ်တတ်တဲ့သူ တစ်ယောက်ကတော့…

မမေ့ရက်လို့ နောက်ထပ်အချစ်ဆိုတာ

ဘဝမှာ ထပ်မရှိတာ

မင်းမှမသိတာကွာ………….။



အတိတ်ကို ပြန်သတိရမှာစိုးလို့

မသိချင်ယောင်ဆောင် ခဲ့

မသွားချင်အောင်နေ ခဲ့

ငါတို့ရဲ့..…ဆုံနေကျ

သမုဒယ လမ်းကလေး…

လမ်းကြုံလို့ လှမ်းမြင်ရရင်ပဲ

ကိုယ့်ရင်ထဲ အပူမီးစွဲခဲ့ရတယ်

မင်းကတော့မသိနိုင်ခဲ့ပါဘူး…………..။



တွေခွင့်မှ မရနိုင်တဲ့ချစ်သူ……..

မင်းဘက်က အချစ်သစ်ရှိနေလား မသိ၊

ငါ့ကို ချစ်သေးလား မသိ၊

မချစ်နိုင်တော့ဘူးလား မသိနဲ့…

ငါ့ အင်မအားတွေ ချည့်နဲ့တဲ့ နေ့အထိ

မမေ့ရက်စွာ စောင့်ကာနေမယ်

မျှော်လေမျှော်လေ ဝေးရလေဆိုလည်း…

ဘယ်လောက်ဝေးမည် ဝေးစမ်းပါစေလေ…။



ချစ်သူရယ်……….

ရေဆုံးမြေဆုံး ဝေးလည်း

ချစ်နေအုံးမယ်ဆိုတာ

မင်းမသိလို့ ရက်စက်ပေမယ့်

ငါ့ရင်ထဲမှာ ရစ်ငင်နေတာ

တစ်သက်စာအတွက်

ထာဝရ မေတ္တာ ပါကွာ…………………။ ။


Join date : 1970-01-01

View user profile

Back to top Go down

Share this post on: Excite BookmarksDiggRedditDel.icio.usGoogleLiveSlashdotNetscapeTechnoratiStumbleUponNewsvineFurlYahooSmarking

 
Permissions in this forum:
You cannot reply to topics in this forum