Idea Motion Group
လူကြီးမင်းတွင် Idea Motion Group မှမှတ်ပုံတင်ပြီးသော Member Account ရှိပါက Log In မှ တဆင့်ဝင်ရောက်ပါ။
New Guest ဖြစ်ပါက Register ပြုလုပ်၍ဝင်ရောက်ပေးပို့နိုင်ပါသည်။။
*********Idea Motion Group*********
Log in

I forgot my password

Latest topics
Country Codes

Timer

Total
  • >

/>

Test

ညီမလေး ဖတ်ဖို့

View previous topic View next topic Go down

20130613

Post 

default ညီမလေး ဖတ်ဖို့




>>>>>ညီမလေး ဖတ်ဖို့<<<<

ဒီစာကို တိုးတိုးလေးဖတ်ပါ ညီမလေးရေ.....။

သတိရခြင်းကို ရှူရှိုက်မိလိုက်ပြီးတဲ့နောက်မှာ
အမှတ်တရဆိုတဲ့ ဆူးက ရင်ထဲအထိအောင် စူးတဲ့အကြောင်းကို ငါသိရပြီ
ကိုယ့်စိတ်ကိုယ် ပြန်ပြီးတောမှောက် ပစ်လိုက်တယ်
အဲဒီ တခဏ
ရာသီစက်ဝန်းတွေရဲ့ ကြားမှာ
ငါ့ကိုငါတောင် ပြန်လည်ပတ်နိုင်စွမ်းမရှိနိုင်တော့ဘူး ညီမလေးရေ။

ပြောင်းလဲမသွားတဲ့ နိယာမတွေ ကြောင့်
ပြောင်လဲမသွားတဲ့ သံယောဇဉ်တွေ ဖြစ်တည်စေခဲ့
ရူးသွပ်နိုင်စွမ်းကိုပဲ အချိန်အဆမရှိစားသုံးခဲ့တယ်
ဒီမေ့ဖျောက်မရတဲ့ တောနက်ထဲကနေ ငါရုန်းထွက်ချင်လှပြီ ညီမလေးရေ
တကယ်တော့
ငါဟာ တောကြောက်တဲ့ ဝံပလွေပါကွယ်
တောကြောက်တဲ့ ဝံပလွေရယ်ပါ။

သူရိယမျက်နှာမသစ်ခင် ကြိုပြီးနေဝင် ပစ်လိုက်တယ်
ညီမလေးရေ
နင့်အပြုံးမပါပဲ နဲ့တော့ ဒီတစ်သက် ငါမိုးမလင်းချင်သေးဘူးကွယ်
ကောင်းကင်ကိုဖျက် ကြယ်တွေကို ဝှက်
လမင်းလေးကို နင့်အတွက် ခူး ခဲ့တယ်
ငါ့ရဲ့ပေးဆပ်ခြင်းတွေကိုပန်ဆင်ပြီး
အဆုံးအထိ လင်းလက်လိုက်စမ်းပါ
ပျောက်ဆုံးသွားတဲ့ အိပ်မက်တွေ အတွက်တော့
မိုက်မဲခြင်းဆိုတဲ့ တွင်းနက်ကြီးကိုတူး
ငါ သဘာဝကျကျ ဆက်ပြီးရူးပါရစေကွယ်
ဆက်ပြီးရူးပါရစေ ညီမလေးရယ်။

ကျရှုံးမှုတွေပဲများနေတော့လည်း အောင်မြင်မှုဆိုတာကို ကြောက်ရွံလာတယ်
ပျောက်ကွယ်သွား ခွင့်ကိုပဲ တရှိုက်မက်မက်မျှောလင့်မိတယ်
ငါ မတောက်ပချင်တော့ပါဘူး ညီမလေးရေ
ဒါပေမယ့်
ငါ့အတွက်နောက်ဆုံးအလင်းကတော့ နင်ပဲဖြစ်လိမ့်မယ်။

တစ်ချိန်က ကျောင်းအိုကြီးဘေး
စိန်ပန်းပွင့်ကလေးတွေ လိုက်ကောက်ရင်း
နင်နဲ့လျောက်ခဲ့ဖူးတဲ့ လမ်းဟောင်းလေးကိုပြန်ရောက်မိတိုင်း နင့်ကို
သတိရနေပါသေးရဲ့
ငါတို့ရဲ့ တစ်ထပ်တည်းကျခဲ့ဖူးတဲ့ ခြေလှမ်းတွေလည်း
ယနေ့တိုင် လတ်ဆတ် နေပါသေးရဲ့
နှစ်ကိုယ်ကြား တီးတိုးစကားသံတွေလည်း
အခုတိုင် ပြန်ကြားနိုင်ပါသေးရဲ့
အချိန်ဆိုတဲ့ ယန္တရားဟာ
အရာရာကို အရှိန်ပြင်းပြင်းတိုက်စားသွားပေမယ့်
ငါ့အသိစိတ်ကို တိုက်စားမသွားနိုင်ခဲ့ဘူး ညီမလေးရေ
ငါ့အတွက် အရာရာဟာ
ပစ္စုပ္ပန်အထိလိုက်ပြီး လတ်ဆတ်နေတာ ခက်တယ်ကွယ်။



Join date : 1970-01-01

View user profile

Back to top Go down

Share this post on: Excite BookmarksDiggRedditDel.icio.usGoogleLiveSlashdotNetscapeTechnoratiStumbleUponNewsvineFurlYahooSmarking

 
Permissions in this forum:
You cannot reply to topics in this forum